Sunday, October 25, 2015

ရေအလှူ

လောက မှာ အလှူတကာ့ အလှူထဲ မှာ
မွန်မြတ်ပြီး အကျိုးများတဲ့ အလှူ ဟာ
ရေ အလှူပါ ။ ရေ အကျိုး ဆယ်ပါးဟု
သိထားကြသော်လည်း သာမန်လှူဒါန်း
တာထက် စိတ်ဘဝင်မှာ မွန်မြတ်စွာ လှူ
တက်ဖို့ အရေးကြီးပါတယ်။
ဘုရားကို ရည်စူးလှူခြင်း
ဘုန်ကြီးရဟန်သံဃာကိုလှူခြင်း

မိဘ ဆရာသမားကိုလှူခြင်း
အများသူငါ ခုနစ်ရက်သားသမီးကိုလှူခြင်း
သတ္တဝါ မျိုးစုံကိုလှူခြင်း
စသည့်အမျိုးမျိုးရှိပါတယ်။
ဘယ်လို အသုံးချရမည်ကို
သိသူနည်းပါးလှပါ၏ ။
၁။ ဘုရားကို ရည်စူးပါက ဘုန်းတန်ခိုးကြီးမားခြင်း ဘဝကူး
အထောက့်အပံ့ဖြစ်ခြင်းဖြစ်လတ္တံ့။
၂။ဘုန်းကြီးရဟန်းသံဃာကိုလှူဒါန်း
ပါက ဘဝနဲ့ ဆန္ဒ ကို သာယာချမ်းမြေ့မှု အကျိုးတရားနှင့်
ကြွေးမြည်ကင်းလတ္တံ့။
၃။ မိဘ ဆရာသမားကိုလှူဒါန်းပါက
မေတ္တာတရား နှင့် ချစ်ခြင်းတရား
အထူးကောင်းမွန် သာယာခြင်းဖြစ်လတ္တံ့။
၎။ ခုနစ်ရက်သားသမီးကိုလှူဒါန်းပါက
ဘေးဆိုးကပ်ဆိုးကျော်လွှားခြင်း၊
လူချစ်လူခင်ပေါများခြင်း၊အတိုက်ခံရန်ကင်းခြင်း ဧကံ ဖြစ်လတ္တံ့။
၅။ သတ္တဝါ အနတ္တကို လှူဒါန်းပါက
အရွှေရံ အသင်းပင်းပေါများခြင်း
သားသမီးအောက်လက်ငယ်သားအကျိုး
ပြုခြင်း စည်းစိမ် မဆုတ်ရော့ ခြင်း
များ ဖြစ်လေ၏ ။
အရင်းနှီးကတော့ သဒ္ဒါ စိတ်နဲ့ လှုတန်း
တတ်ဖို့ပါပဲ။
နေ့စဉ်ရက်ဆက် အလှုတန်း
လက်နဲ့မကွာ လှူဒါန်းနိုင်ကြပါစေ။

ဆရာ ကျော်ဥာဏ်သိန်း
     မရမ်းတလင်း
       ဝမ်း တွင်း

No comments:

Post a Comment