Wednesday, October 28, 2015
လိုရာဆန္ဒလျှင်မြန်စွာပြည့်လိုသူများအတွက်
  လူသားတိုင်း၌လိုအင်​ဆန္ဒဟူသမျှသည်​တစ်​ခုမဟုတ်​တစ်​ခု​တော့ရှိကြစမြဲပင်​..။
   တစ်​ချို့ကစီးပွား​ရေးလုပ်​ငန်း၊အ​ရောင်းအဝယ်​ စသည်​တို့ တိုး​တက်​​အောင်​မြင်​ကြီးပွားလိုကြ၏။တစ်​ချို့ကအိုးပိုင်​အိမ်​ပိုင်​နှင့်​​နေလိုကြ၏။တစ်​ချို့ကလည်းကျန်းမာ​ရေး​ကောင်းမွန်​လိုကြ၏။
    တစ်​ချို့ကလည်း နိုင်​ငံခြားက​ငွေမပို့လို့၊​ကြွေးပြန်​​တောင်းမရလို့၊အလုပ်​ရှာမရလို့ စသည်​ဖြင့်​လည်းအပူအချို့​တော့ရှိ​နေကြမှာ​ဖြစ်​သည်​။
   ထိုထိုသို့်​​သော လိုအင်​ဆန္ဒများလျှင်မြန်စွာပြည့်​ဝ၊​​အပူအပင်​များလျှင်​မြန်​စွာကင်း​စေရန်​ယခု​ဖော်​ပြမည့်​အဓိဌာန်​အားအများသူငါ ကျင့်​ကြံနိုင်​​စေရန်​​ဖော်​ပြ​ပေးလိုက်​ပါသည်​။
  သတိပြုရန်​မှာ-အဓိဌာန်​ရက်​အတွင်း
အမဲသား (တတ်​နိုင်​ပါက ​ခြေ​လေး​ချောင်းသား) ​ရှောင်​ကျဉ်​ရမည်​။သုရာ​မေရယနှင့်​ကာ​မေသု​ရှောင်​ရမည်​။ဖရုသဝါစာ၊ပိသုဏဝါစာ​ရှောင်​ရမည်​။အတိတ်​ဆိုး၊နိမိတ်​ဆိုးစကားများမ​ပြောဆိုရ၊ကြပ်​ကြပ်​​ရှောင်​ပါ
   အဓိဌာန်​မှာ၉ရက်​ဖြစ်​ပြီး အဓိဌာန်​အစ​နေ့သည်​မိမိ​မွေး​နေ့နံနက်​၉း၀၀အချိန်​ဖြစ်​ရမည်​။
ထိုသို့​မွေး​နေ့နံနက်​၉း၀၀မှစ၍-
၁​နွေသားသ္မီးတို့သည်​-ဘုရားရှင်​အားပန်း​ပေါင်းစုံ(၆)မျိုးနှင့်​ပူ​ဇော်​ပါ။
၂င်္လာသားသ္မီးတို့သည်​- ဘုရားရှင်​အားပန်း​ပေါင်းစုံ(၇)မျိုးနှင့်​ပူ​ဇော်​ပါ။
၃င်္ဂါသားသ္မီးတို​သည်​- ဘုရားရှင်​အားပန်း​ပေါင်းစုံ(၁၀)မျိုးနှင့်​ပူ​ဇော်​ပါ။
၎ဟူးသားသ္မီးတို့သည်​- ဘုရားရှင်​အားပန်း​ပေါင်းစုံ(၉)မျိုးနှင့်​ပူ​ဇော်​ပါ။
၅​တေးသားသ္မီးတို့သည်​- ဘုရားရှင်​အားပန်း​ပေါင်းစုံ(၃)မျိုးနှင့်​ပူ​ဇော်​ပါ။
၆ကြာသားသမီးတို့သည်​- ဘုရားရှင်အားပန်းပေါင်းစုံ(၄)မျိုးနှင့်​ပူ​ဇော်​ပါ။
၇​နေသားသ္မီးတို့သည်​- ဘုရားရှင်​အားပန်း​ပေါင်းစုံ(၅)မျိုးနှင့်​ပူ​ဇော်​ပါ။
      ထိုသို့မိမိတို့​နေ့သားအလိုက်​ပန်းများကပ်​လှူပြီး​သော်​​ငွေဖလားနှင့်​​သောက်​​တော်​​ရေကပ်​လှူပါ၊ယပ်​​တောင်​အသစ်​တစ်​​ချောင်းနှင့်​ယပ်​​တော်​သွင်းပါ။
   ပန်းစုံ၊​ရေ၊ယပ်​ ကပ်​လှူပြီးပါက ပဌမံဂါထာအား တစ်​​နေ့ပုတီး(၃)ပတ်​စိတ်​​ပေးပါ။
ပဌမံဂါထာဆိုသည်​မှာ-ပထမံ သကလက္ခဏဧကပဒံ အစချီ သစ္စာအနက်​တစ်​ဆယ့်​​ခြောက်​ချက်​ဂါထာဖြစ်​ပါသည်​။ထိုဂါထာမှာ လူသိများ​သော​ကြောင့်​မ​ဖော်​ပြ​တော့ပါ။
 ပုတီး၃ပတ်​စိပ်​ပြီးပါက အဓိဌာန်​ပြီးပြီဖြစ်​သည်​။
   အဓိဌာန်​စ​တင်​​သောမိမိ​မွေး​နေ့၌သာနံနက်​၉း၀၀တွင်​စတင်​ရခြင်းဖြစ်​ပြီး​နောက်​​နေ့များ၌မိမိနှစ်​သက်​​သောအချိန်​၊မိမိနှင့်​သင့်​​တော်​​သောအချိန်​၌သာအဓိဌာန်​ဝင်​နိုင်​သည်​။
  ပုတီးစိပ်​ပြီး​သော်​မိမိလိုအင်​ဆန္ဒအားဆု​တောင်းစရာမလို၊မိမိဆန္ဒပြည့်​ဝဖို့်​၊မိမိအပူကိစ္စ​ငြိမ်းချမ်းဖို့သာအာရုံပြုထားပါ။
 ၉ရက်​အဓိဌာန်​အလီလီဝင်​နိုင်​ပါသည်။ငါတော့ဒီကိစ္စကြီးအတွက်​၉ရက်​အဓိဌာန်​၃ခါဝင်​မယ်​ စသည်​ဖြင့်​ ကိစ္စအကြီးအ​သေးအ​ပေါ်လိုက်၍အဓိဌာန်​ဝင်​ပါ။
မှတ်​ချက်​-ပဌမံဂါထာနှင့်​အနက်​မသိကကျွန်​​တော့ထံသို့ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။
          သဒိယံ ပါကံ ဇ​နေတိ
                  ဂန္ဓာရီခရီးသည်
No comments:
Post a Comment