Thursday, October 22, 2015

ရှင်းလင်းချက်

                       စာဖတ်သူ ပရိသတ်များ
ကျွန်တော်အနေနှင့် အနည်းငယ် ရှင်းလင်း တင်ပြလိုပါသည်။ဤ ဘလော့ဂ်သည် ကျွန်တော်အကိုဂန္ဓာရီခရီးသည်​အတူတူ တည်ထောင်ထားသော ဘလောဂ့်ဖြစ်သည်။ပြောလိုသည်မှာ ဤဘလောဂ့်ကို ကျွန်တော်ကိုသစ်နက်နှင့် ကျွန်တော်အကိုဂန္ဓာရီခရီးသည်
တို့ပိုင်ဆိုင်ပါသည်။Facebookတွင် သရဏဂုံပုတီးသမား အကောင့်သည် ကျွန်ုပ် အကို၏အကောင့်ဖြစ်ပြီး ကျွန်တော် အကောင့်မှာ Ko Thit Net အကောင့်ဖြစ်ပါသည်။ဤသို့ပြောရ
သည်မှာ Facebookတွင်သူရေးသောPostကို ကျွန်တော် မဖြေရှင်းနိုင်သလို ကျွန်တော်ရေးသောPostကိုလည်း သူမဖြေရှင်းနိုင်
ပါ။ကျွန်ုပ်တို့သည် လောကီပညာကို အတူတူလေ့လာ လိုက်စားသည်
ဟု ဆိုသော်လည်း သူလေ့လာသောပညာနှင့် ကျွန်တော်လေ့လာသော
ပညာတို့သည် မတူသောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရလျှင် မှားပြီး
တော့ ကျွန်တော် ကိုသစ်နက်နှင့် ကျွန်ုပ်အကိုဂန္ဓာရီခရီးသည်​ကို မဆက်သွယ်မိရန် ဖြစ်သည်။ဆိုလိုသည်မှာ ကိုသစ်နက်ကို မှော်ဘုရင်
ဂန္ဓာရီခရီးသည်​ ကို  ကိုသစ်နက် အဖြစ်မဆက်သွယ်မိရန် ဖြစ်သည်။ယခုအခါ
တွင်လောကီပညာရပ်များသည် တစ်နေ့ထက်တစ်နေ့ စော်ကားခံလာရ
ပါသည်။ လူတကာကဒီပညာရပ်ကို အလကားပညာဟု စွပ်စွဲသူများ
လည်းရှိလာပါသည်။ ကျွန်တော် အနေနှင့် ဝမ်းနည်း မိပါသည်။လကုန်
လျှင် ကျွန်တော်၏ တစ်ကိုယ်တော်စာအုပ်သီးသန့်(Ko Thit Net
Collection)ထုတ်ဝေပြီး တစ်ပတ်နေလျှင် Myanmar Occult Page Vol.6ကို ထုတ်ဝေပါမည်။ထိုသို့ ထုတ်ဝေပြီး နှစ်
ပတ်နေလျှင် ကျွန်တော်နှင့် ကျွန်တော်အကို တို့၏ လူတကာကို ကူညီ
ခဲ့သော အကြောင်းများကို ရေးသားကာ စာအုပ်ထုတ်ဝေပါမည်။
ကျွန်တော်ကို ကျွန်တော် စာရေးဆရာတစ်ယောက်လို့သာ ခံယူထားပါ
သည်။ကျွန်တော်သည် Postတင်ခြင်းထက် E.Book အဖြစ် ထုတ်ဝေဖြန့်ချိ ရသည်ကို ကျေနပ် အားရပါသည်။ Postတင်သူထက်
ပိုပင်ပန်းပါသည်။ပိုပြီးတော့ စေတနာထည့်ရပါသည်။Postတင်ခြင်း
သည် နည်းများပြန့်ပွားလွယ်ပါသည်။ သို့သော် သစ်ရွက်ကြွေများကဲ့
သို့ တစ်စစီ  ပြန့်ကျဲနေပါသည်။ကျွန်တော် Nov အထူးထုတ်နှင့် ပတ်
သတ်ပြီးကဏ္ဍများတောင်းဆိုလို၍ဖြစ်စေ ဝေဖန် အကြံပြုလို၍ဖြစ်စေ09970977423သို့ (၂၃;၂၄)ထိုနှစ်ရက်တွင်
(နေ့လယ် ၁၂မှ ညနေ ၂နာရီ)အချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။
ကျွန်တော်အကိုနင့် ဆက်သွယ်လိုပါက 09787707236သို့
အကို သတ်မှတ်ထားသော အချိန်အတွင်း ဆက်သွယ်ကာ လိုအပ်
သောအကူအညီတောင်းနိုင်ပါသည်။ဤသို့ပြောရသည်မှာ ကျွန်တော်နှင့် ကျွန်တော်အကို သွေးမခွဲကာ ဒီထက်ပိုပြီး လက်တွဲကာ
ဒီထက်ပိုပြီး ဒီထက် ကောင်းအောင် ဒီထက်ပိုပြီးစာဖတ်သူများအား
ပိုပြီး လောကီပညာရပ် အစီအရင်တွေ ပေးရန် ဖြစ်သည်။
                            ကိုသစ်နက်

No comments:

Post a Comment