လောကီပညာပြန့်ပွားရေးwebsiteမှကြိုဆိုပါတယ်။သင်တို့ရဲ့ဘ၀အခက်အခဲတွေကိုဒီwebsiteထဲမှာအဖြေရှာပါ။အကူအညီတောင်းလို့လည်းရပါတယ်။
Labels
- Lucky Objects (2)
- MOPF (1)
- ဂါထာများ (1)
- စာအုပ်များ (1)
- တားရော့ (1)
- တိုင်းရင်းဆေးကဏ္ဍ (1)
- နိဗ္ဗာန်ရောက်ကြောင်းတရား (2)
- ပရလောကစာပေ (2)
- ဗဟုသုတများ (42)
- ယတြာများ (28)
- ဝတ္ထုများ (1)
- အချစ်ဗေဒင်သီးသန့်ကဏ္ဍ (1)
- အဂ္ဂိယတ်ကဏ္ဍ (3)
- အင်းကဏ္ဏ (2)
- အစီအရင် များ (2)
- အစီအရင်များ (2)
- အဓိဋ္ဌာန်ကျင့်စဉ်များ (3)
- အဓိဌာန်ကျင့်စဉ်များ (16)
- အလှူ များ (1)
- အဆောင်များ (2)
- အနောက်တိုင်းမှော်ပညာကဏ္ဍ (6)
- အခြေခံနည်းများ (2)
- ငွေရေးကြေးရေးအစီအရင်များ (1)
- ဆေးတော်များနှင့်ပတ်သက်သောကဏ္ဍ (4)
- ဗေဒင်ကဏ္ဍ (34)
- မှော် ပညာနှင့် ပတ် သက် သော သင် တန်းများ (1)
- လောကုတ္တရာ (1)
Wednesday, October 28, 2015
ဂမ္ဘီရအောင်အိုးကပ်လှူနည်း
ရှေ့ထုံးလည်း မပယ်နဲ့ ၊ ဈေးသုံးလည်း မလွယ်နဲ့ ၊ ရှေ့ထုံးပယ်က
လွဲတတ်သည် ၊ ဈေးသုံးလွယ်က ၊ မွဲတတ်သည် ၊
ဟူသော ရှေးဘိုးဘွားဘီဘင်များရဲ့ ၊ ဆိုဆုံးမ စကားများကို ၊
ကျွန်တော်တို့ အလေးအနက်ထားကာ ၊ လေးစားလိုက်နာခဲ့ကြပါတယ်
၊ မေတ္တာ စေတနာတွေ ၊ကြီးမာစွာနဲ့ ၊ ထားရှိခဲ့ကြတဲ့ ၊
သြဝါဒလမ်းညွှန်းချက်များနဲ့ ၊ ရိုးရာဂမ္ဘီရ
ပညာရပ်များဟာလည်း ၊
အဖိုးမဖြတ်နိုင်အောင် ၊ လေးနက်နက်ရှိုင်းလွန်းလှပါတယ်ဗျာ ၊
နက်ရှိုင်းလွန်းလှတဲ့ထဲက ၊ ဂမ္ဘီရနည်းတစ်ခုကို ၊ တင်ပြလိုက်ပါရစေဗျာ ။
ယနေ့……… အောင်အိုး လို့ ခေါ်နေကြတဲ့ ၊ မြတ်ပန်းအိုးကပ်လှူနည်း
ပါပဲ ၊ အောင်အိုး ၊ မြတ်ပန်းအိုး ၊ ဓာတ်ပန်းအိုး ၊ နံမြင်အိုး စသည်ဖြင့် ၊
အမည်အမျိုးမျိုးနဲ့ စီမံဆောင်ရွက်လျှက်ရှိကြပါတယ် ၊
အများအားဖြင့်တော့ ၊ အိုးကလေးတစ်လုံးမှာ ၊ ဓာတ်သက်ဝင်
ပန်းများထိုးပြီး ၊ ဘုရားကျောင်းဆောင်ပေါ် ၊
ကပ်လှူထားလိုက်ကြတာပါပဲ ၊ လေးနက်စွာရှိခိုးဆုတောင်းမှုများ ၊
မရှိသလောက်ဖြစ်ပါတယ် ၊ အောင်အိုးထိုးခြင်ဟာ ၊ ပြုနေကျ ၊
ပန်းအိုးတစ်လုံးမှာ ပန်းထိုးပြီး ၊ ကပ်လှူပုံမျိုး မဟုတ်ဘဲ ၊
အထူးတလည်း ၊ ကပ်လှူပူဇော်ခြင်းမျိုးဖြစ်တာကို ၊ သတိပြုထား
ရမှာ ၊ ဖြစ်ပါတယ် ၊ အောင်အိုးထိုးခြင်းဟာ ၊ ကံပွင့် လာဘ်ရွှင်စေဖို့
၊ အောင်ဓာတ်ဆင်ခြင်းပဲ ၊
ဖြစ်ပါတယ် ၊ ဒါကြောင့် နည်းစနစ်တကျ ၊ အောင်အိုးထိုးပြီး
၊ အောင်ဓာတ်ကိုဆင်ထားကြဖို့ ၊ အထူးလိုအပ်လှပါတယ်ဗျာ ၊
မည်သူမဆို ဂမ္ဘီရအောင်အိုးကို ၊ ကပ်လှူပူဇော်ကြမယ်ဆိုရင်………
ရှေ့ဦးစွာ သေသပ်လှပသော ၊ အိုးသစ်ကလေးတစ်လုံး(အတာအိုး)ရဲ့ ၊
အပြင်နားဘေးမှာ ၊ (စဓဗဝ) နဲ့ ကြီးလေးကြီးအက္ခရာများ ၊ (ကဃဏဠ)
ကို ရေးခြစ်ပြီး ၊ အောင်အိုးအဖြစ် ၊ အသုံးပြုရမှာ ဖြစ်ပါတယ် ။
ထိုဂမ္ဘီရအောင်အိုးမှာ ၊ အောင်သပြေပန်း ဝေနေအောင်ထိုးပြီး ၊
သာသနာ့အောင်လံတော်တစ်လက် ၊ ထိုးစိုက်ကာ
၊ မွေးနေ့နံနက်စောစော ၊ အိမ်ဘုရားတွင် ငါးပါးသီလ
ခံယူဆောက်တည်ပြီး ၊ ရှိခိုးဆုတောင်းနဲ့ လေးလေးနက်နက်
သုံးကြိမ်ရွတ်ဆို ကပ်လှူရမှာဖြစ်ပါတယ် ၊ အောင်အိုးကို ၊
အသစ်လဲးတိုင်း ၊ ထိုနည်းအတိုင်း ကပ်လှူပူဇော်ပါ ၊ ဓာတ်မြင့်လို့
နံမြင့်ပြီး ကံများလည်း ၊ ပွင့်လန်းလာမှာ ၊ အမှန်ပဲ ဖြစ်ပါတယ်
( ဂမ္ဘီရအောင်အိုး ကပ်လှူနည်း ရှိခိုးဆုတောင်း )
အစိန္တေယျ ၊ အစိန္တေယျ ၊ အစိန္တေယျ ။
အပၸေမယ် ၊ အပၸေမယ် ၊ အပၸေမယ် ။
အနန္တ အဂ္ဂဇေဌ သေဌ ။
အတုမရှိ အတိုင်းမသိသော ကျေးဇူတော် ဂုဏ်တော်အပေါင်းတို့၏
တည်ရာ စုဝေရာ ဖြစ်တော်မှုသော မြတ်စွာဘုရား ။
ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဥာဏ်တော်အနန္တ ၊ စကြဝဠာ
ကမ္ဘာမြေမိုး ၊ ဖြန်းဖြန်းကျိုးမျှ
တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မှုသော ၊ ကကုသန္ဓ ၊
ကောဏာဂမဏ ၊ ကဿပ ၊ ဂေါတမ ၊ ဇိနလေးဆူ အောင်တော်မှု ရှင်
တော်မြတ်ဘုရားကြီးများ ။
ခြောက်ပါးဂုဏ်တော် ၊ ပူဇော်စံထား ၊ တရားဓမ္မ ၊ မြိုက်တရားနှင့် ၊
မဂ္ဂဌာန် ၊ ဖလဌာန် ၊ ရှစ်တန်ထင်ပေါ် ၊ အရိယာမထေရ်ကျော်များ ။
ဤသို့ဆိုအပ် ၊ ရတနာမြတ်ကို ၊ ထိပ်တင်ပြုကာ ၊ ဇမ္ဗူတစ်ခွင် ၊
တူမမမြင်သည့် ၊ ဂုဏ်အင်ပြည့်လျှမ်း ၊ ချီးမွမ်းဗုဒ္ဓ ၊ ဧတဒဂ်ရသည့် ၊
လာဘသခင် ၊ ရှင်သီဝလိမထေရ်ကျော် ၊ နောင်သော်သာသနာ
၊ ရောက်လတ်ခါဝယ် ၊ ယုတ်မာအကြံ ၊ မကောင်းဥာဏ်ဖြင့် ၊
ရန်ပြုလာငြား ၊ မာရ်နတ်သားကို ၊ ဖယ်ရှားနှိမ်နင်း ၊ အောင်ပွဲကျင်းလိမ့်
၊ စိန္တာမုနိ ၊ သုံးလူထွတ်ထား ၊ မြတ်ဘုရား၏ ၊ မိန့်ကြားဗျာဒိတ် ၊
ခွန်းနိမိတ်ဖြင့် ၊ ကျွန်းဒိပ်ဇမ္ဗူဝယ် ၊ ရန်စွယ်ဟူသမျှ ၊ ပြုမျှမထင် ၊
သန့်စင်ပယ်ရှောင် ၊ အောင်ကြောင်းဇေယျာ ၊ မင်္ဂလာကို ၊
ကောင်းစွာပြုစေတော်မှုတတ် ၊ အရှင်ဥပဂုတ္ထမထေရ်မြတ် ။
ထိုဤမှန်းဆ ၊ ဂုဏ်အနန္တတို့နှင့်ပြည့်စုံကြငြား
၊ ကျေးဇူတော်ရှင်ကြီးများအား ၊ ကံမြင့် ကံပွင်စေရန် ၊ အဓိဌာန်ဖြင့် ၊
ဤဂမ္ဘီရအောင်အိုးကို အောင်သပြေပန်းတော်ထိုး၍ ၊
သဒ္ဓါဓာတ်ဖြိုးကာ လှူဒါန်းပါ၏ ၊ ပူဇော်ပါ၏ အရှင်ဘုရား ။
ဗုဒ္ဓ ဓမ္မာ ၊ သံဃာ အာဏာ ၊ တေဇာတန်ခိုး ၊ ဤမြတ်ပန်းအိုး၌
တည်ပါစေသော် ၊
သြောင်း တေ ၊ ဇ ၊ သု ၊ နေ ၊ မ ၊ ဘူ ၊ စံ ၊ နာ ၊ ဝိ ၊ ဝေ ၊ ပရမ
၊ ဘုန်းခေါင် ၊ ဆယ်စောင်ဇာတ်မဟာ ၊ အာနုဘောကြောင့်
၊ ဆေးတော်ဆယ်ပါး ၊ ဤမြတ်ပန်းအိုး၌ ၊ တည်စေသား ၊
ရတနာဆယ်ပါး ၊ ဤမြတ်ပန်းအိုး၌ ၊ တည်စေသား ။
သုံလူသကျ ၊ သမ္ဗုဒ္ဓ၏ ၊ မိန့်ဟဆိုမြွက် ၊ အာဏာစက်ဖြင့် ၊
ထက်အောက်ဝန်ချာ ၊
ရပ်ဒိသာမှ ၊ များစွာဆိုက်အောင် ၊ နတ်ဗြဟ္မာအပေါင်းတို့
၊ သောင်းသောင်းညီညာ ၊ ကြွရောက်လာ၍ ၊ မြတ်ပန်းအိုးဒကာ
(ကျွန်ုပ်တို့ မိသာစု) အား ၊ သားသမီးများပမာ ၊ စောင့်ရှောက်ပါလော့ ။
မြတ်ပန်းအိုးတစ်ခွင် ၊ ထက်ဝန်းကျင်မှ ၊ အစဉ်ကြည့်ရှု ၊ မကောင်းမှုများ
၊ မလာမထိ ၊ မရှိရအောင် ၊ စောင်မပါလော့ ၊ ရှစ်သောင်းဝိဇ္ဇာ ၊
များဆရာလည်း ၊ မကွာနိစ္စ ၊
ကြွရောက်ကြကာ ၊ စောင့်ရှောက်ပါလော့ ၊ သြောင်း ဇေယျတု သု
မင်္ဂလံ ။
ဓာတ်ကြီးအစု ၊ ပြုပြင်မှုကြောင့် ၊ ယခုဖြစ်လာ ၊ ခပ်သိမ်းအရာကို ၊
ဆယ်ဖြာလက်ထိ ၊ ကိုင်မိသမျှ ၊ သြသဓကြီး ၊ ကိုင်တိုင်းပြီးကာ
၊ ဒေဝါနတ်သား ၊ တိုက်ကာကျွေးသို့ ၊ ဘေးဆိုးကင်းပျောက် ၊
ချမ်းသာေ၇ာက်ငြား ၊ အံ့လောက်ဖွယ်ရာ ၊ မဟာသြသဓအသွင် ၊
မြန်ပင်ယခု ၊ ဖြစ်ပါစေသား ၊ ဖြစ်စေသား ။
ဗုဒ္ဓတေဇာ ၊ ဓမ္မတေဇာ ၊ သံဃာ့တေဇာ ၊ ဝေဖြာတတ်၍ ၊
ထက်စေသော် ။
အန္တာ၇ယ် အပေါင်း ၊ ဝေးကွာရှောင်း၍ ၊ အောင်ကြောင်းမင်္ဂလာ
၊ ဖြစ်စေသော် ။
မြတ်သောပူဇော်ခြင်းဖြင့် ၊ အောင်ကံများ ပွင့်လန်းနိုင်ကြောင်း
၊ စေတနာရှေ့ထား၍ ၊ လက်ဆင့်ကမ်းလိုက်ပါတယ် ၊ ခင်ဗျာ ။
( သင်တို့၏အကျိုးကိုလိုလားသော )
ဆရာဧကရာဇ်မင်း
ထိုင်းနိုင်ငံ ၊ ကာန်ထူ(တ်)ဘင်း(န်)မြို့ ၊ ခေါင်ခဲ(ဈေးအနီး) ၊
PH / 0944377343
Subscribe to:
Post Comments (Atom)
No comments:
Post a Comment